သပိတ်ကျင်းမြို့၌ ဌာနဆိုင်ရာရုံးများ၊ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

သပိတ်ကျင်း ဖေဖော်ဝါရီ ၂၇

မီးဘေးအန္တရာယ်များကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ဌာနဆိုင်ရာရုံးများ၊ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်မီးဘေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းသွားရောက်ပြီး မီးသတ်ဆေးဘူးထားရှိအသုံးပြုမှု၊ မီးချိတ်မီးကပ်၊ မီးသတ်ရေနှင့်မီးသတ်လှေကား စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရန်၊ ရပ်ကွက်များအတွင်း လောင်စာဆီများသိုလှောင်ထားခြင်းမပြုရန်၊ လျှပ်စစ်မီးသုံးစွဲသူများ ဟောင်းနွမ်းပေါက်ပြဲနေသည့် လျှပ်စစ်ကြိုးများအသုံးမပြုကြရန်၊ မီးသွေးမီးဖို၊ ထင်းမီးဖိုအသုံးပြုသူများ ထမင်းဟင်းချက်ပြုတ်အသုံးပြုပြီးပါက မီးကျွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ထားရှိရန်၊ ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေ​ရေးအတွက် ပြည်သူများ သတိထားလိုက်နာနိုင်စေရန် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကိုလည်း ဟောပြောခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)