မက်မန်း ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေး၊ ဝမ်းပျက် ဝမ်းလျောရောဂါနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေးအတွက် ရေစက်များကို YAW PRINCESS COMPANY LIMITED မှ လိုက်လံ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ အခြေခံပညာကျောင်းများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ရာ မက်မန်းမြို့နယ်အတွင်းရှိ အ-ထ-က (မက်မန်း)၊ အ-ထ-က(ခွဲ)(အောင်သံလွင်)၊ အ-ထ-က(ခွဲ)(ရောင်အူကြီး)၊ အ-လ-က(ခွဲ) (ကောင်းကေး)၊ အ-လ-က(ဆွတ်ဝိုး)၊ အ-လ-က (ကွန်ဟောင်းကြီး)၊ အ-လ-က(ဝမ်စလောင်း)၊ အ-လ-က(ခွဲ)(ငှက်ယောင်း)၊ အ-လ-က(ခွဲ)(ရောင်အူဝ)၊ အ-မ-က (ကောင်းလန်း)၊ အ-မ-က (တာကော်လေး)၊ မူလွန်(မန်ဝိန်း)၊ မူလွန်(အေးကျန့်)၊ မူလွန်(ပန်ပွဲ)တို့တွင် တစ်ကျောင်းလျှင် ရေသန့်စက်တစ်လုံးနှုန်း တပ်ဆင်ခြင်းကို YAW PRINCESS COMPANY LIMITED မှ လိုက်လံတပ်ဆင်ပေးလျက်ရှိသည်။ အခြေခံပညာကျောင်းများအတွက် ရေသန့်စက်တစ်လုံးလျှင် ကျပ်သိန်း(၄၀)အားကျခံကာ ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောင့်မှုအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)