မိတ္ထီလာ ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်၅၀၀(မိတ္ထီလာ) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်း၍ ကျေးရွာဒေသခံများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမဲ့ဆေးကုသပေးရာနေရာသို့ လာရောက်ကုသမှုခံယူသော ဆည်ကုန်းကျေးရွာနှင့် အနီးတစ်ဝိုက် ရှိကျေးရွာများမှ ဒေသခံပြည်သူများအား အမှတ်(၁)တပ်မတော်ဆေးရုံကုတင် ၅၀၀ (မိတ္ထီလာ) နယ်လှည့် ဆေးကုသရေးအဖွဲ့ မှ ဗိုလ်မှူးချုပ် ထွန်းထွန်းအောင် ဦးဆောင်သည့် ဆေးကုသမှု၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်း၊ သွား၊ မေ့ဆေး၊ ရောဂါဗေဒ၊ ဓါတ်မှန်၊ ဆေးဝါးဗေဒ၊ ပြည်သူ့ကျန်းမာရေး ပါရဂူဆရာဝန်ကြီးများ၊ ဆေးမှူးများ၊ သူနာပြု၊ အရာရှိ စစ်သည်များက ဆေးကုသရေး အထောက် အကူပြုပစ္စည်းကိရိယာများဖြင့် စမ်းသပ်စစ်ဆေးကုသပေးသည်။ အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုအခြေအနေများကို တယ်နယ်မှူးဗိုလ်မှူးကြီး သန်းနိုင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ