ကျောက်တော် ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၏ စတုတ္ထအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းရှိရတနာခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဒေါက်တာ ဦးထွန်းရွှေမှအဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)ကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံအဖြစ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် (၉၂)ဦး၊၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (၁၂၇)ဦး၊၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၁၃၅)ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (၁၃၄)ဦး စုစုပေါင်း ဒီပလိုမာဘွဲ့ရကျောင်းသား/ကျောင်းသူ (၄၈၈)ဦး အားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊မိမိတို့နိုင်သည် စိုက်ပျိုးရေးကိုအခြေခံ သော နိုင်ငံတစ် နိုင်ငံဖြစ်သည်နှင့်အညီ ခေတ်မီစိုက်ပျိုးရေး မွေးမြူရေးနည်းပညာများ တောင်သူများလက်ဝယ်သို့ ဆင့်ပွားဖြန့်ဝေပေးရန်၊ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာန(ခွဲ) စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၏ စတုတ္ထအကြိမ် စိုက်ပျိုးရေး ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းစီမံခန့်ခွဲရေး အဖွဲ့ဝင်များ ပညာရေးအဖွဲ့ဝင်များက ဒီပလိုမာအပ်နှင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ အတိုင်း ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်(၂၀၂၂ ခုနှစ်)အတွက်ကျောင်းဆင်း (၁၃၄)ဦးအား ကျောင်းအုပ်ဆရာကြီးမှ အပ်နှင်းပေးခဲ့ပြီးနောက် ပထမနှစ်မှနောက်ဆုံးနှစ်အထိအတန်း စဉ်ပေါင်း ပထမဒုတိယနှင့်တတိယဆုရရှိ သူ(၃) ဦးတို့အား ဒုတိယညွှန်ကြားရေး မှူးချုပ် (နည်းပညာ)မှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်မှူး၊ ဒုညွှန်မှူး၊ ခရိုင်၊မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ ဆရာ/ဆရာမများနှင့်မိဘဆွေမျိုးများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း ကျောက်တော်(ပြန်/ဆက်)