ချယ်ရီလမ်းသွယ်ကျောက်ချောခင်းလုပ်ငန်းများစတင်ဆောင်ရွက်

မောက်မယ် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ သွားလာရေးခက်ခဲသည့်ရပ်ကွက်မှ ပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မား စေရေးရည်ရွယ်၍ ကွန်ကျိုင်းရပ်ကွက်ရှိ ချယ်ရီလမ်းသွယ် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့တွင် စတင်ခင်းခဲ့ကြောင်း သိရသည်။

ချယ်ရီလမ်းသွယ်ကို အကျယ်(၁၀)ပေ အရှည်(၃၈၀)ပေဖြင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ (ရှမ်းပြည်နယ်) အစိုးရ၏ ၂၀၂၂−၂−၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးရန်ပုံငွေကျပ်(၄၈)သိန်း ဖြင့် မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ကြောင်း ထိုလမ်းသွယ်အား  ဖေဖော်ဝါရီလအကုန်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း တာဝန်ရှိသူ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနရုံးဝန်ထမ်းများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)