ခိုလမ်မြို့ရုံး "Community Center" တွင်ကျောင်းသားလူငယ်များအား စာဖတ်ခြင်း၊ အရုပ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်းများ ဆောင်ရွက်ပေး

ခိုလမ်  ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး "Community Center" ခန်းမတွင် ကျောင်းသားလူငယ်များအား စာဖတ်ခြင်း၊ အရုပ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်းများကို ယနေ့ နေ့လည် (၁၂:၀၀)နာရီ အချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ကျောင်းပိတ်ရက်အတွင်း ကျောင်သားလူငယ်များ ပြင်ပ ဗဟုသုတများရရှိစေရန်၊ အားလပ်ချိန်များတွင် မိမိ၏ဝါသနာကို အကျိုးရှိရှိ လက်တွေ့အသုံးချတတ်စေရန် ၊ဉာဏ်ရည်မြင့်မား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ် သားကောင်းရတနာများ ဖြစ်လာစေရန် စာဖတ်ခြင်း၊ အရုပ်‌ဆက်ခြင်း၊ အရုပ်ခေါက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း  ရုံးစာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းများတွင် ကျောင်းသားလူငယ်များ မိမိတို့ဝါသနာပါရာ ဘာသာရပ်များကို လေ့လာအသုံးပြုနိုင်ရန်အတွက် အလင်းရောင်ကောင်းမွန်၍ သက်တောင့်သက်သာရှိသော စာဖတ်ခန်းများ၊ ဉာဏ်ရည်မြင့်ဂိမ်းကစားခြင်း၊ အားကစားဂိမ်းကစား​​ခြင်းများ ကစားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

နေလင်းထွန်း(ပြန်/ဆက်)