ခိုလမ် ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် RCM ဘုရားရှိခိုးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများအား စာဖတ်သည့်အလေ့ကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဖြူဖြူသော်မှ စာဖတ်ခြင်းမှရရှိသောအကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာအကြောင်းအရာများကို ဟောပြောပေးခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြကြောင်း သိရှိရသည်။
နေလင်းထွန်း(ပြန်/ဆက်)