ကျောက်ဆည်မြို့နယ်  ခရမ်းသီး အစိမ်းရောင်မျိုး စိုက်ပျိုးသူများ ဈေးကောင်းရဖြင့် အဆင်ပြေလျက်ရှိ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တောင်သူများအနေဖြင့် ဆောင်းရာသီတွင် မီးဖိုချောင်သုံးသီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာတွင် ခရမ်းသီးအစိမ်းရောင် မျိုးစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် ()ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ်ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင်မြေဆွပေး၍ တစ်လတစ်ခါအပင်အခြေများတွင် အာမိမြေဩဇာနှင့်ပုလဲမြေဩဇာရောကာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့အချိန်တွင် အပင်အားတိုး ဆေးနဲ့ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာငွေကျပ်(၈၀၀)မှ(၁၀၀၀)ကျပ်အထိ ရောင်းချရသဖြင့်  ခရမ်းသီးအစိမ်းရောင်စိုက်ပျိုးရောင်းသည့်  မိသားစုများစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် (၅၀၀) စိုက်ပျိုးထားသည့် ရန်ပုံနှစ်ကျေးရွာမှ ဦးတင်ထွန်းက ပြောပြသည်။

ခရမ်းစိုက်ပျိုးရာတွင် "အပင်သေပျောက်မှုမရှိစေရေး ခရမ်းမျိုးစေ့များအားပျိုးထောင်ပြီး သန်မာသည့်မျိုးပင်များအား ရွေးချယ်စိုက်ပျိုးကြကြောင်း ပျိုးသက်()လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကိုပြောင်းရွေ့စိုက်ပျိုးကြောင်း ခရမ်းအပင်ငယ်ချိန်တွင် သီးထပ်၊ သီးညှပ်အဖြစ် ချဉ်ပေါင်သီးနှံနှင့်နံနံပင်များ တွဲ၍စိုက်ပျိုးခြင်းများလည်းရှိကြောင်း" ခရမ်းစိုက်တောင်သူတစ်ဦးမှ ပြောပြ၍ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)