ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်

မောင်တော   ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ် နွေရာသီအားကစားသင်တန်းများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ စ၍ မြို့မအားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍  အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချမည်ဖြစ်ရာ အားကစားနည်းများအနေဖြင့်  ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ Fitness Dances၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ရိုးရာခြင်းတို့ဖြစ်သဖြင့် မိမိတို့ဝါသနာများအတိုင်း အားကစားနည်းကို ရွေးချယ်ကာတက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းကာလမှာ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်သဖြင့်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)