မိုင်းယောင်း ညောင်ချဉ်ဖူး လူကြိုက်များပြီး ဈေးကောင်းရရှိ

မိုင်းယောင်း  ဖေဖော်ဝါရီ  ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယခုကာလသည် ညောင်ချဉ်ဖူးပင်ရှိ ညောင်ချဉ်ဖူးများ ခူးဆွတ်ရောင်းချနေချိန်ဖြစ်သည်။

မိုင်းယောင်းမြို့တွင် ညောင်ချဉ်ဖူးကို အသေးမျိုး၊ အလတ်မျိုးနှင့် အကြီးမျိုးဟူ၍ အပင်သုံးမျိုးရှိကြောင်း၊ အသေးမျိုးနှင့်အလတ်မျိုး ညောင်ချဉ်ဖူးကို တစ်ပုံလျှင် ကျပ် ၁၀၀၀ဖြင့်လည်းကောင်း၊ အကြီးမျိုး ညောင်ချဉ်ဖူးကိုလည်း တစ်စည်းလျှင် ကျပ် ၁၀၀၀ ဖြင့်လည်းကောင်း ရောင်းချကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ညောင်ချဉ်ဖူးကို အသားများနှင့် ရောချက်သော ဟင်းချိုကို လူကြိုက်များပြီး တချို့က ညောင်ချဉ်ဖူးကို ပေါင်းပြီး အသားများနှင့်လည်းကောင်း၊ ဝက်ခေါက်များနှင့်လည်းကောင်း ရော၍ကြော်စားကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း