ဗဟန်း ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာအမျိုးသားစာပေဆုရှင် ဆရာမောင်ခြိမ့်ရေးသားသည့် ရေမုဆိုးဝတ္ထုတိုများ (စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ပထမဆုရ) စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ နေ့လယ် ၁နာရီက ကျင်းပသည်။
စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ဆရာခိုင်ချစ်အောင်ကအဖွင့်အမှာစကားပြောကြားပြီး အမျိုးသားစာပေဆုရှင် ဆရာမြေလတ်မောင်မြင့်သူ၊ စာရေးဆရာ ခင်မောင်ဌေး(ပညာရေး)နှင့် ပန်းနုစံအိမ်စာပေတိုက်ပိုင်ရှင် စာရေးဆရာမမြသက်နွယ်တို့က မုဒိတာစကားအသီးသီးပြောကြားပြီးနောက် စာရေးဆရာအမျိုးသားစာပေဆုရှင် ဆရာမောင်ခြိမ့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ စာရေးဆရာ/ ဆရာမများ၊ စာပေဝါသနာရှင်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
စန္ဒာမိုး