ပေါက်တော ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25)အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အားကစားအဖွဲ့များက အားကစားကွင်းအတွင် နေရာယူကာ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းအား အလေးပြုကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားအဓိဋ္ဌာန်ရွတ်ဆိုကြ၍ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘောလုံးကန်း၍ ဖွင့်လှစ်ပေးသည်။
အဖွင့်ပွဲစဉ်တွင် ဟာရီကိန်းအသင်းက Hunter အသင်းကို နှစ်ဂိုးဖြတ်ဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ကိုးသင်းတို့က ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်းတွင် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၇ ရက်နေ့ထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲကို မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ အားကစားသမားများနှင့် အားကစားကိုစိတ်ဝင်စားသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)