တောင်ပြိုလက်ဝဲမြို့တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ တောင်ပြိုလပ်ဝဲမြို့တွင်  စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်(၄)သို့ အရောက်သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ ငှားရမ်းပေးရာတွင် သုတ၊ ရသ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို  တစ်ပတ်လျှင်   တစ်ရက် ငှားရမ်းပေးပြီး တစ်ပတ်ပြည့်လျှင် ပြန်လည် လဲလှယ်ငှားရမ်းပေးသည့် စနစ်ဖြင့် (အခမဲ့)ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

သိန်းနိုင်(ပြန်/ဆက်)