တွံတေး ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မတ်လ ၈ ရက်မှ ၁၈ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ကျောင်းသားကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ အထက(၁) ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာအထက် တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် နေရာသစ်ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် အလွတ်ဖြေ ကျောင်းသား/သူ(၄၇၁)ဦးတို့ကို ဝင်ခွင့်ကတ်ပြားများ စတင်ထုတ်ပေး လျှက်ရှိကြောင်းသိရသည်။
တွံတေးမြို့နယ်တွင် အတွဲ(၇)ဓာတု၊ ရူပ၊ ဇီဝဖြေဆိုသူကျား (၃၂) မ(၅၀)၊ အတွဲ(၁)ဓာတု၊ ရူပ၊ ဘောဂ ဖြေဆိုသူကျား(၁၃၀)ဦး၊ မ(၂၁၉)ဦး၊ အတွဲ(၂)ပထဝီ၊ သမိုင်း၊ ဘောဂဖြေဆိုသူ ကျား(၁၇)ဦး၊ မ(၂၃)ဦး စုစုပေါင်းကျား(၁၇၉)ဦး၊ မ(၂၉၂)ဦး စုစုပေါင်း(၄၇၁)ဦး ဝင်ရောက်ဖြေဆိုကြမည်ပြီး စာစစ်ဌာနကို အ.ထ.က(၁)တွံတေး စာစစ်ဌာနတစ်ခုထဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ် ဝင်တန်းစာမေးပွဲကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ မတ်လ ၈ ရက်နေ့ ထိထုတ်ပေး သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား
မြို့နယ်(ပြန်/ဆက်)