နောင်ချို ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၁) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၁၁)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အတွဲ(၁) ဝင်ရောက်ဖြေဆို သူကျောင်းဖြေ(၂၇)ဦး၊ ပြင်ပဖြေ(၁၈၃)ဦး စုစုပေါင်း(၂၁၀)ဦး၊ အတွဲ(၂) ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေ(၃၄)ဦး၊ ပြင်ပဖြေ(၆၆)ဦး စုစုပေါင်း(၁၀၀)ဦး၊ အတွဲ(၇) ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေ(၂၈)ဦး၊ ပြင်ပဖြေ(၇၆)ဦး စုစုပေါင်း(၁၀၄)ဦး စုစုပေါင်း တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း ထားသူပေါင်း(၄၁၄)ဦးရှိပြီး ဖြေဆိုသူများအားလုံးသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)