သံတွဲမြို့၊ နန်းချောင်းကျေးရွာ သီတဂူမေတ္တာစက္ခုဒါနဆေးရုံ၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်း သပ်ခွဲစိပ်ပေး

သံတွဲ     ဖေဖော်ဝါရီ  ၂၅

မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးကျော် ဦးဆောင်သော မျက်စိခွဲစိပ်ကုသရေး ဆရာဝန်အဖွဲ့မှ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိပ်ကုသပေးမည် ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးကျော် ဦးဆောင်သော မျက်စိခွဲစိပ်ကုသရေး ဆရာဝန်အဖွဲ့မှ မျက်စိဝေဒနာရှင်များအား (၅-၃-၂၀၂၃) ရက်နေ့မှ(၆-၃-၂၀၂၃) ရက်နေ့ထိ (၂)ရက် အခမဲ့စမ်းသပ်ခွဲစိတ်ကုပေးမည် ဖြစ်ပါကြောင်းနှင့် သံတွဲမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအနေဖြင့် (၂၆-၃-၂၀၂၃) ရက်နေ့တွင် သီတဂူမေတ္တာစက္ခုဒါန ဆေးရုံတွင် မျက်စိခွဲစိတ်ကုသမည့် လူနာစာရင်းအား လက်ခံပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)