မိုင်းဖြတ်မြို့နယ်၌  လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး တိရစ္ဆာန်များ နည်းစနစ်မှန်ကန်စွာ မွေးမြူရေး ဟောပြောပွဲပြုလုပ်

မိုင်းဖြတ် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုစီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက်  တိရစ္ဆာန်များ နည်းစနစ်မှန်ကန်စွာ မွေးမြူရေး အသိပညာပေး ဟောပြောပွဲကို ယ​နေ့ နံနက်ပိုင်းက ဆွပ်ပန်းကျေးရွာရှိ ပန်းနုဝေစာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ကိုကိုက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်များ စနစ်တကျမွေးမြူးရေးနိုင်​ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။  ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ဒေါက်တာ ထွန်းဇော်ဝင်းက ဝက်၊ နွား၊ အသားစားကြက်များကို နည်းစနစ်မှန်ကန်စွာ မွေးမြူနိုင်ရေးနည်းလမ်းများ၊ တိရစ္ဆာန်များ၌ ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊  ကာကွယ်ဆေး ထိုးနှံထားရှိရေး၊ အစာစပ်နှုန်းနှင့် အစာကျွေးနည်းစနစ်များကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က  စာ​ပေများကို ​လေ့လာဖတ်ရှုခြင်းဖြင့် အသိဉာဏ်ဗဟုသုတများ တိုးပွား​စေ​ရေး၊ ​ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ​ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောခဲ့သည်။ ထို့​နောက် ​ တက်​ရောက်လာကြသည့် ​ကျေးရွာ​နေပြည်သူများက တိရစ္ဆာန်များ၌  ဖြစ်ပွားနေသည့် ရောဂါလက္ခဏာများ၊ ကုသရေးဆိုင်ရာသိ​ကောင်းစရာများကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ယင်း​နောက် ခရိုင်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ​​ကျေးရွာရှိ ဒေသဝက်များ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်​ဆေးခဲ့ပြီး လိုအပ်ချက်များကို ပညာ​ပေးလမ်းညွှန်ခဲ့​ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)