ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ သာသနာပိုင်ချုပ်၊ စစ်တွေသာသနာပိုင်နှင့် ခရစ်ယာန်ဘုန်းတော်ကြီးများအားတွေ့ဆုံ

စစ်တွ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်၊ စစ်တွေသာသနာပိုင်နှင့် ဘုန်းတော်ကြီးများအား စစ်တွေမြို့၊ ရှင်မာကု ကသီဒြယ်ရားကျောင်း၌ တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီး Dr. ဂျိမ်းစ်မင်းဒိန်က ဆုတောင်းကောင်းချီးပေးကာ အခမ်းအနားကိုဖွင့် လှစ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ထိန်လင်းက မိမိတို့ပြည်နယ်တွင် လူမျိုးပေါင်းစုံမှီတင်းပြီး သာယာဝဖြိုးစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ကြပါကြောင်း၊ ထိုသို့နေထိုင်ကြခြင်းသည် ဘာသာတရားတို့၏ ယုံကြည်မှုအောက်တွင် မေတ္တာတရားတော်နှင့်အညီ ရှင်သန်နေထိုင်ကြခြင်း ဖြစ်ကြောင်း၊ မိမိတို့ လုပ်ကိုင်နေထိုင်ကြခြင်းသည်လည်း ဒေသ၏အကျိုး၊ မိသားစု၏အကျိုး ဘာသာ၊ သာနာ၏အကျိုးကို လုပ်ကိုင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရည်မှန်းချက် တူညီကြသူများလည်းဖြစ် ကြောင်း၊ မတူညီမှုများရှိသော်လည်း လိုအပ်လာလျင် ဘာသာ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျင် မိမိတို့မျှော်လင့်ချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည် အသင်းသူ၊ အသင်းသားများသည် ပြည်နယ်အတွင်းရှိမြို့နယ်များနှင့် နယ်စပ်ဒေသအသီးသီးက ရောက်ရှိ လာကြသူများ ဖြစ်ကြသည်ဟုသိရပါကြောင်း၊ မိမိတို့ဒေသများတွင် သာယာလှပသော အခြေခံကောင်းများရှိပြီး စိုက်ပျိုးဖြစ်ထွန်းသော နေရာများလည်းရှိကြပါ ကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင်လည်း တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးကို ခန့်အပ်တာဝန်ပေးထားပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်းနှင့် အမျိုးဘာသာ သာသနာအတွက်၊ ဒေသအတွက်အကျိုးအတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။ ဆက်လက်၍ တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးက တရားဥပဒေစိုးမိုးရေး၊ ဒေသတည် ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြား သည်။ ယင်းနောက် ရှင်မာကုကသီဒြယ်ရားကျောင်း ဘုန်းတော်ကြီးက အသင်းတော်၏ အခြေအနေအရပ်ရပ် အားရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းရှင်းလင်းပေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ခရစ်ယာန်အသင်းတော်သို့ ငွေကျပ် ၁၀ သိန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကငွေကျပ် သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်လှူဒါန်းကြရာ စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီး Dr. ဂျိမ်းစ်မင်းဒိန်က လက်ခံရယူသည်။ ယင်းနောက် စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီး Dr. ဂျိမ်းစ်မင်းဒိန်က ကျေးဇူးတင် ဂုဏ်ပြုချီးမွှမ်းစကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က တက်ရောက်လာကြသော ဘုန်းတော်ကြီး များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) သာသနာပိုင်ချုပ်၊ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် (အင်္ဂလီကန်) စစ်တွေသာသနာပိုင်နယ်၏ နယ်စီး သာသနာပိုင်ကြီး Dr. ဂျိမ်းစ်မင်းဒိန်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် များမှ ခရစ်ယာန် ဘုန်းတော်ကြီးများ၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ သံဃာတော်များတက် ရောက်ခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)