ဇေယျာသီရိ ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ရေဆင်းစိုက်ပျိုးရေးသုတေသနဝန်းအတွင်းရှိ တက္ကသိုလ်များဈေးတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက ဈေးအတွင်းရှိ ဈေးသူ/ သားများအား မီးသတ်ဆေးဗူး အသုံးပြုနည်းများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး လက်တွေ့ငြှိမ်းသတ်စေခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့်တာဝန်ရှိသူများက ဈေးအတွင်းရှိ စားသောက်ဆိုင်များနှင့် လူနေအိမ်များတွင် မီးဖိုအသုံးပြုနေမှု၊ ဓာတ်ငွေ့သုံးမီးဖိုများနှင့် လျှပ်စစ်မီးသုံးစွဲနေမှုအခြေအနေများအား မီးများစနစ်တကျသုံးစွဲရန်၊ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ထားရှိရန်၊ စားသောက်ဆိုင်များတွင်ထားရှိသည့် မီးသတ်ဆေးဗူးများ သက်တမ်းလွန်မှု ရှိ/ မရှိ အခြေအ နေများနှင့် လိုအပ်ချက်များအား လိုက်လံစစ်ဆေးခဲ့ပြီး မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ ဆက်)