သံဖြူဇရပ် ဖေဖော်ဝါ ရီ ၂၅
မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ် သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီ ကခွေးရူး ရောဂါ ကာကွယ်တားဆီးရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းငွေထွန်း က ခွေးရူးရောဂါကာကွယ်တားဆီးရေး သိကောင်းစရာများ၊ ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများ၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲနှင့် ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတရရှိစေမည့် အသိပညာပေး ဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)