တောင်ကြီးမြို့တွင် စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တောင်ကြီး ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမတွင် စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမဆောင်းချစ်၏ သစ်တော့ကကြိုးစာအုပ်တွင်ပါရှိသော အကြောင်းအရာများအား ဆွေးနွေးကြသည်။

ထို့နောက် စာရေးဆရာမဆောင်းချစ်က သစ်တော့ကကြိုးစာအုပ် ရေးသားခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများဖတ်ရှုလေ့လာနိုင်ရန်အတွက် စာရေးဆရာ ဒေါက်တာအောင်ကျော်၏ အောက်ဆွဲအားနှင့် အခြားစာစုများ စာအုပ်ကို စာရေးဆရာ ကြည်စိုး (ဒေါက်တာကြည်စိုး)နှင့် စာရေးဆရာမ ဆွေကြည်အေး (ဒေါက်တာကြည်အေးဆွေ) တို့က လှူဒါန်းရာ ဒုတိယပြည်နယ်ဦးစီးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း (ပြန်/ ဆက်)