တောင်ကုတ် ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စေတနာသွေးလှူရှင်များအသင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစေတနာသွေးလှူရှင်များအသင်းရုံး အဆောက်အဦသစ်ရှေ့၌ကျင်းပသည်။
အဆောက်အဦသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီလိမိတက်မှ မန်နေဂျာ ဦးမင်းတင်အောင်နှင့် ဝေသာလီဦးသောက်ရေသန့်လုပ်ငန်း မှ ဒေါ်ခင်သန်းနုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါ စေတနာသွေးလှူရှင်အသင်းရုံးဆောက်လုပ်ရန်မြေနေရာကို ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီလိမိတက်မှ လှူဒါန်းခဲ့ပြီး အဆောက်အဦဆောက်လုပ်ရန်အတွက် ဝေသာလီဦးသောက်ရေ သန့်လုပ်ငန်းရှင် ဒေါ်ခင်သန်းနုမှ မတည်လှူဒါန်းငွေကျပ်သိန်း(၁၂၀) နှင့် အများပြည်သူစုပေါင်းလှူဒါန်းငွေ ကျပ်(၄၇၆၂၄၄၅၀)တို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့်စေတနာသွေးရှင်အသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)