မြစ်သားမြို့နယ် ညောင်ဂျစ်ကျေးရွာ၌ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မြစ်သား ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးမြူရေးနှင့်လယ်ယာလုပ်တောင်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၇) နာရီက ညောင်ဂျစ်ကျေးရွာတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ နေလွင်ထူးနှင့်ဝန်ထမ်းများက ကျွဲ၊ နွားများတွင်ဖြစ်ပေါ်တက်သည့်  ရောဂါများအကြောင်း တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ စသည့်ရောဂါလက္ခဏများအကြောင်း  ရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးနှင့်လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသော တောင်သူများ မွေးမြူထားသည့် ညောင်ဂျစ်ကျေးရွာရှိ ကျွဲ၊ နွားကောင် (၄၀၀) ကောင်အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း  ဒုတိယ ဦးစီးမှူးဒေါက်တာ နေလွင်ထူးထံမှ သိရသည်။  

ဝင်းမင်းထွန်း (ပြန်/ ဆက်)