ကျောက်တန်း ဖေဖော်ဝါရီ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) (၁၈) ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျေးရွာ (၁) ရွာလျှင် ကျပ် (၁၀၀) သိန်း ထောက်ပံ့ခဲ့ပြီး စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၁၈၀၀) သိန်းဖြင့် လုပ်ငန်းများအားလုံး (၁၀၀)% ပြီးစီးပြီဖြစ်ပါသဖြင့် ဆောင်ရွက်ပြီး လုပ်ငန်းများအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများမှ (၂၄-၂-၂၀၂၃) ရက်နေ့တွင် လုပ်ငန်း လွှဲပြောင်းပေးအပ်ခြင်းအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ (VDP) ကော်မတီနှင့် ရပ်မိရပ်ဖများရှေ့တွင် လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်လမ်း (၂၁)လမ်း၊ ဂဝံလမ်း(၄)လမ်း၊ မြေသားလမ်း(၁)လမ်း၊ ကွန်ကရစ်တံတား (၁) စင်း ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်(၁)ခု၊ ကျေးရွာလူထုခန်းမ မျက်နှာက ဖက်တပ်ဆင်ခြင်း လုပ်ငန်း (၁) ခု၊ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း (၃) ခု၊ စုစုပေါင်းလုပ်ငန်း(၃၂)ခုအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် အများပြည်သူများအား အကျိုးရှိစွာ အသုံးပြုနိုင်ရေး လုပ်ငန်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)