စဉ့်ကိုင်မြို့နယ်၌ ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး စစ်ဆေးဆောင်ရွက်

စဉ့်ကိုင် ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၌  မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ  ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့နည်း စေရေးပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်၀စွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊   တရားမ၀င် ဓာတ်အားသုံးစွဲမှုများ မရှိစေရေးတို့အတွက် ယနေ့နံနက်ပိုင်းက  မီးသွေးဘုတ်ကျေးရွာ၊ စိုက်ပျိုးရေးကျေးရွာ၊ ကျွဲနဖားကျေးရွာ၊ ရွာသာယာကျေးရွာ၊ ကင်းတုံကျေးရွာများသို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းစိုးလွင်ဦးနှင့် ၀န်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားလိုင်းများ စစ်ဆေးဆောင်ရွက်ရာတွင် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်း၊  ရပ်ကွက်/ကျေးရွာများတွင် မီတာများ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်အား လိုင်းများနှင့်  မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၃၃ ကေဗွီ  ရွှေစာရံ F1 မီးသွေးဘုတ်လိုင်း ကြွေသီးများလဲလှယ်ခြင်း၊  ထရန်စဖော်မာများ၏  ကြံ့ခိုင်မှုစစ်ဆေးခြင်း၊  ၃၃ ကေဗွီ ဓာတ်အားလိုင်းများ၏   ကြံ့ခိုင်မှုများ  စစ်ဆေးခြင်း   လုပ်ငန်းများကို    စနစ်တကျဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)