နမ့်ဆန် ဖေဖော်ဝါရီလ ၂၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ သူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း(၆)မျိုး အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအခြေခံအားကစားသင်တန်းအား (၂၄-၂-၂၀၂၃)ရက်နေ့မှ(၁၅-၃-၂၀၂၃)ရက်နေ့အထိ နမ့်ဆန်မြို့ နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်ကြားပေးသော အားကစားနည်းများမှာ ဘောလုံး၊ ခြင်းလုံး၊ ဘောလီဘော၊ တိုက်ကွန်ဒို၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ်အက သင်တန်းများဖြစ်ကြောင်းသိရသည်။ အဆိုပါ နွေရာသီအခြေခံအားကစားနည်းသင်တန်းအား နံနက်(၇)နာရီအချိန်မှစတင်ကာ ကျောင်းသား/ ကျောင်း သူများအား သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး၊ ကျောင်းသား/ ကျောင်းသူ (၈၀)ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်သင်ယူလျက်ရှိကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ ဆက်)