လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် အ.ထ.က(၈)ကျောင်း Quarantine Centre သို့ ဆန်(၁၀)အိတ်နှင့် ထမင်းဘူး(၈၇)ဘူးလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ  ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း))မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ၊အ.ထ.က(၈)ကျောင်းတွင် ဖွင့်လှစ် ထားသည့် Quarantine Centre ရှိ Positiveလူနာနှင့် ထိတွေ့မှုရှိသူ primary contact မိသားစုများ အတွက် ဆန်(၁၀)အိတ်နှင့် ထမင်းဘူး(၈၇)ဘူး တို့အား ယနေ့န့နက်ပိုင်းက လာရောက် လှူဒါန်းသည်။

အဆိုပါ လှူဒါန်းရာတွင် ကိုအောင်လေး+ မဟေမာန်နှင်းပွင့်  သား မောင်ပြည့်သျှန်အောင်၊ မောင်ရှင်းသန့်အောင် မိသားစုမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အမှတ်(၂၀)ရပ်ကွက် အ.ထ.က(၈)ကျောင်း Quarantine Centre ရှိ Positive လူနာနှင့် ထိတွေ့မှုရှိသူ primary contact မိသားစုများအတွက် ဆန်(၁၀)အိတ်နှင့် ထမင်းဘူး (၈၇)ဘူးအား လာရောက်လှူဒါန်းခဲ့ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ မှ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကာ အလှူရှင်မိသားစုအား ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)