တောင်ကုတ်မြို့၌ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

တောင်ကုတ် ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် တောင်ကုတ်မြို့မဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းအား ယနေ့ ညနေ (၃) နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင်နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်ဖြင့် ဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြခြင်း၊ ဈေးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဆေးဘူးများ ကိုင်တွယ်အသုံးပြုပုံများ အား လက်တွေ့ ရှင်းလင်းသရုပ်ပြပေးခဲ့သည်။

လက်တွေ့ မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန် နှင့်ဈေးကော် မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြသောင်းနှင့် တပ်ဖွဲ့ဝင်များ ၊ ဈေးသူ ၊ ဈေးသားများ တက်ရောက်ကြည့် ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)