မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့ဦးဂေါင်းကျောင်းတိုက်ယာယီနေရပ်စွန့်ခွာသူများစခန်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

မြောက်ဦး ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လက်ကောက်ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီနေရပ်စွန့်ခွာသူစခန်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးမှ ဟောပြောရာတွင် သဘာဝဘေးအန္တရာယ်သည် လူသားတို့အား ထုတ်မှုကြောင့်မဟုတ်ဘဲ သဘာဝတရားကြောင့် ဖြစ်ပွားသောဘေးအန္တရာယ်များဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် ဘေးဒဏ်ခံရသော ဒေသခံ၊ ခိုလှုံရန်အကာအကွယ် ရနိုင်မှုအခြေအနေ၊ ဘေးအန္တရာယ်၏ ပြင်းအားစသော အချက်များပေါ်မူတည်၍ ဘေးအန္တရာယ်ခံရသော ဒေသ (သို့မဟုတ်) နိုင်ငံ၏စီးပွားရေး၊ ဒေသခံတို့၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အကျိုးသက်ရောက်မှုများစွာရှိကြောင်း စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသိပညာဟောပြောပွဲသို့ မြို့ဦးဂေါင်းကျောင်းတိုက် ယာယီနေရပ်စွန့်ခွာသူစခန်းမှ ပြည်သူများ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင် ( ပြန်/ ဆက်)