မိုင်းပန်မြို့နယ်၌ (၅၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာပြန်ပွဲတော်နှင့် တရားပွဲတော် ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၂၅

ဗုဒ္ဓမြတ်စွာသာသနာတော် အရှည်တည်တံ့တိုးတက်ပါရစေခြင်းအကျိုးငှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်သော (၅၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာပြန်ပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မွေတော် ပရိယတ္တိစာသင်တိုက်၌ ၂၀၂၃ခု၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါစာပြန်ပွဲတော်ကျင်းပရာတွင် စာပြန်ပွဲသို့ ဝင်ရောက်ဖြေဆိုတော်မူသော ကိုရင်သာမဏေ (၁၃၃)ပါးရှိပြီး စာပြန်ပွဲအောင်မြင်သော ကိုရင်သာမဏေများအား စာအောင်ဆုများအဖြစ် အေစတားအုပ်စု (၃၅၀၀၀)ကျပ်ကိုလည်းကောင်း၊ အေအုပ်စု(၃၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ဘီအုပ်စု(၂၅၀၀၀)ကျပ်ကိုလည်းကောင်း၊ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကိုရင်သာမဏေများနှင့် ပင့်သံဃာ အပါး(၇၀)ကျော်တို့အား ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး စာအောင်ဆုများ လှူဒါန်းခြင်း စသော ကုသိုလ်များပြုလုပ်ပြီး ပြည်တွင်းပြည်ပဘွဲ့ရ သံဃာတော်(၃)ပါးအား ဂုဏ်ပြုပူဇော်ပွဲကျင်းပကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားဟောပွဲတော်များတွင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ပါမောက္ခချုပ် ဒေါက်တာ အရှင်သမ္မသာမိ Dphil (Oxford)က မွေတော်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ည (၇)နာရီအချိန်က တရားတော်များချီးမြှင့်ပေးခဲ့ပြီး ယနေ့နှင့် (၂၆)ရက်နေ့ ညနေ(၇)နာရီအချိန်တွင် မွေတော်စာသင်တိုက်မှ အရှင်သုပညာ BA . Hons (University of Sri Jayewardenepura)၊ MA (University of Kalaniya) Sri Lankaနှင့် မိုင်းပန်ဗုဒ္ဓဂါယာ ကုန်းပင်းကျောင်းမှ အရှင်ကာလိန္ဒ BA, MA (University of Kalaniya)Sri Lanka တို့က တရားတော်များဆက်လက်ချီးမြှင့် ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)