ပန်းဘဲတန်း စက်တင်ဘာ ၂၉
ပန်းဘဲတန်းမြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းတို့၌ ဖွင့်လှစ်ထားသော Quarantine Centre များသို့ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပရဟိတအဖွဲ့မှ စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ လှူဒါန်းရာတွင် Quarantine Centre များမှ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက လက်ခံခဲ့ကြောင်း သိရှိရပါသည်။ ပန်းဘဲတန်းမြို့နယ်၊ Quarantine Centre များရှိ စောင့်ကြည့်ရမည့် လူနာများအတွက် နံနက်၊ နေ့လယ်၊ ညစာ စားသောက်ရန်အတွက် ထမင်းဘူးနှင့် သီးနှံများကို အမှတ်(၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင်နှင့် အမှတ်(၇)ရပ်ကွက် ပရဟိတအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စောင့်ကြည့်ရမည့်လူနာများ နေထိုင်ရေး၊ စားသောက်ရေး အဆင်ပြေစေရေးအတွက် အလှူရှင်များက တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ လှူဒါန်းပေးကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)