မိုင်းရယ်မြို့ မြို့မဈေးကြီး၌ မီးဘေးလုံခြုံရေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

မိုင်းရယ် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာ၊ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအ တွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ဈေးအတွင်း၌ ပြုလုပ်သည်။

ထိုသို့ မီးဘေးသရုပ်ရာတွင် ဒုတိယမီးသတ်ဦးစီးမှူး စိုင်းလောင်ဝ်ခမ်းက မီးသတ်ဆေးဗူး အသုံးပြုနည်း၊ အရေးပေါ်မီးငြိမ်းသတ်နည်း၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ရှင်းလင်းပြောကြားပြီး မီးငြိမ်းသတ်ခြင်းသရုပ်ပြရာ ဈေးသူဈေးသားများက လက်တွေ့သရုပ် ပြ မီးငြိမ်းသတ်ခဲ့ကြသည်။

ထို့နောက် အဆိုပါပူးပေါင်းအဖွဲ့သည် လျှပ်စစ်မီးကြောင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆိုင်ခန်းများအတွင်းရှိ မီတာဘောက်များစစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်များ နှင့် မီးသတ်ဆေးဗူးများ ဆောင်ထားခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြို့နယ်(ပြန်/ ဆက်)