ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးကျော်သူကိုကို၊ မြို့နယဦးစီးမှူး ဦးထွန်းဦးကြည်နှင့်တာဝန်ရှိသူများက ပက်အင်းကလေးကျေးရွာအုပ်စု၊ ပက်အင်းကလေးကျေးရွာတွင် ရေသန့်စင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ဆတ်ကလေးကျေးရွာအုပ်စု၊ အိမ်လေးလုံး ကျေးရွာတွင် ကုန်ထုတ်မြေသားလမ်းအရှည် (၀/၇.၈၇)မိုင်၊ အကျယ်(၁၈)ပေလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ထိန်နှစ်ပင်ကျေးရွာတွင် ကုန်ထုတ်ဂဝံလမ်း(၁)မိုင်(၂.၆)ဖာလုံဆောင်ရွက်နေမှု အခြေအနေများ၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ပက်အင်းကလေးကျေးရွာကုန်ထုတ်မြေသားလမ်း အရှည်(၀/၆.၄၇၉)၊ အကျယ်(၁၈)ပေလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဝါးတရာကျေးရွာအုပ်စု၊ ဝါးတရာကျေးရွာဂဝံလမ်းအရှည်(၀/၇.၈၇)မိုင်၊ အကျယ်(၁၂)ပေဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှု စစ်ဆေးခဲ့ကြပြီး သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ဇင်မင်းထိုက်(ထန်းတပင်)