ကျောက်တန်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဂုဏ်ရှိန်ထက်ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသော ဇီးဖြူပင်ကျေးရွာတွင် (၁၇၀x ၉၀ x၁၁) မြေသားရေကန် HDPE -Sheet ခင်းခြင်း လုပ်ငန်းနှင့် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအတွက် ငွေကျပ် (၄၈.၄၆၁၂)သန်း အကုန်အကျခံ၍ ဆောင်ရွက်နေမှုအား(၂၃-၂-၂၀၂၃) ရက်နေ့နံနက် (၁၀)နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ခံအင်ဂျင်နီယာများ ကလောချယ်ရီကုမ္ပဏီ QC-Teamအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ HDPE-Sheet ခင်းခြင်းဖြင့် ကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိနိုင်ခြင်း ရေစိမ့်ဝင်မှုနည်းပါးခြင်း ရေငွေပျံမှုနည်းပါးခြင်း ပတ်ဝန်းကျင်ရေငန်များ စိမ့်ဝင်မှုမရှိခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်ပါသဖြင့် ကျေးရွာအတွက် နွေရာသီရေရှားပါးပြတ်လတ်မှုများမရှိခြင်းနှင့် သန့်ရှင်းသောရေကောင်းရေသန့်များ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ ဆက်)