အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောင်းတွင်းရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဖြူ    ဖေဖော်ဝါရီ  ၂၄

 အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား၊ကျောင်းသူများ စုပေါင်းကျင်းပသည့် ကျောင်းတွင်းရေသဘင်ပွဲတော်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ အစိုးရနည်းပညာကောလိပ်ကျောင်းရှေ့ကွင်းပြင်၌  စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာများ၊ ကျောင်းသား၊ကျောင်း သူများက ပျော်ရွှင်စွာဖြင့် ရေကစားခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။  ထို့နောက်  Queen Selection လှပျိုဖြူလေး များက ဘုရားရေသပ္ပါယ်ရန် နံ့သာသွေးကြပြီး ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာများက ဘုရားရေ သပ္ပါယ်ခြင်းအား ဆောင်ရွက်ကြသည်။ ဆက်လက်၍ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဒုတိယကျောင်းအုပ်ကြီဒေါက်တာဦးကျော်ငြိမ်း၊  Civil ဌာနမှူး ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ကျောင်းသားသမဂ္ဂ ဉက္ကဋ္ဌ ကိုမျိုးဝင်းမြတ်တို့  ကျောင်းတွင်းရေသဘင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။  ယင်းနောက် ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသူများကို တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး  Queen Selection လှပျိုဖြူလေးများ၊ EP မေဂျာနှင့် IT mechanical မေဂျာတို့မှ မောင်မယ်လေးများက သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာဖြင့် ကျောင်းတွင်းသင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)