ရန်ကုန် ဖေဖော်ဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးမွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ခရိုင်(၅၀)၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း(၅၁)ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါအလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီတွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းဒဂုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဦးက အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ဒဂုံကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဥမ္မာထွေးက အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပေး ပြောကြားရာတွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အဆိုပါအခြေခံပညာ အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ (အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ..သိရှိနိုင်စေရန် (၁)အခြေခံပညာအထက်တန်းဆင့် (၂)စက်မှုနည်းပညာ (၃)စိုက်ပျိုးရေးအတတ်ပညာ (၄)မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ်(၄)မျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများအကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြောကြား သည်။
အဆိုပါအသိပေးပြောကြားရာသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)