ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ သောက်သုံးရေများလှူဒါန်းခြင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးသက် နောင်ဦးဆောင်၍ ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ ရေသယ်ယာဉ်(၁)စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုစုပေါင်း(၁၇)ဦးတို့က သောက်သုံးရေများ လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
သောက်သုံးရေများလှူဒါန်းခြင်းသို့ နေပြည်တော် မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်က လာရောက်ကြည့်ရှုအားပေးပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)