မိုင်းဖြတ်မြို့နယ်၌ ရပ်ကွက်ချင်းဆက် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ် ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ကွက်သစ်ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်ချင်းဆက် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စတုတ္ထ(၃)လပတ် ခွင့်ပြုရန်ပုံငွေ ကျပ် (၂၇.၁) သန်းဖြင့် လမ်းအရှည် ၅၉၀ပေ၊ အကျယ် ၁၂ပေ၊ ထု၉လက်မ အတိုင်းအတာရှိ ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုမြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့ လုပ်ငန်းအခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ရာ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်အရည်အသွေးပြည့်မီပြီး ရေရှည်ကြံ့ခိုင်အောင် အကောင်းဆုံး ဆောင်ရွက် နိုင်ရေးတို့ကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းသည် ကွက်သစ်ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်သို့ ဆက်သွယ်သွားလာနိုင်ပြီး ယခင်က ကျောက်ချောလမ်းဖြစ်ပြီး ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းအဆင့်သို့ အဆင့်မြှင့်ဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးသွားပါက ရပ်ကွက်နေပြည်သူများနှင့် အများပြည်သူများ အဆင်ပြေစွာဖြင့် ဖြတ်သန်း သွားလာနိုင်မည်ဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)