မန္တလေးတွင် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ ကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး) ၏ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ၌ အဆိုပါသင်တန်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။

ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး) အနေဖြင့် မူးယစ်ဆေးသုံးစွဲသည့် လူငယ်များကို စည်းရုံးဖော်ထုတ်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆန့်ရေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ပြန်လည်ထူထောင်ပေးခြင်းကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ သင်တန်းတွင် သင်တန်းသား(၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်ပေါင်း (၄၀) ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)