တပ်ကုန်း ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ သရက်သီးအနုများ စတင်အသီးသီးချိန်တွင် သရက်သီးအနုရောင်းချသူများ ရောင်းအား ကောင်းမွန်ပြီး၊ ဈေးကောင်းရရှိ၍ ရာသီချိန် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“သရက်သီးအနုက ပေါ်ဦးပေါ်ဖျားဆိုတော့ သရက်သီးကို ထမင်းဝိုင်းမှာ တို့စရာအဖြစ် ဒေသခံပြည်သူတွေက ဝယ်ယူစားသုံးကြတော့ ရောင်းအားကောင်းပါတယ်၊ သရက်သီးအနုကလည်း အခုရာသီမှစပြီး အသီးသီးတဲ့အချိန်ဆိုတော့ ဈေးကလည်းကောင်းတယ်၊ အလုံးအကြီး/အသေးပေါ်မူ တည်ပြီး တစ်လုံးကို ငွေကျပ် ၁၅၀ မှ ၂၅၀ နှုန်းခန့် ရောင်းချရပါတယ်၊ အခုချိန်က သရက်သီးအနု ရောင်းတဲ့လုပ်ငန်းက မိသားစုအတွက် ဝင်ငွေရရှိလို့ လုပ်ငန်းအဆင်ပြေပါတယ်” ဟု တပ်ကုန်း မြို့မဈေးအတွင်းရှိ သရက်သီးအနုများ လာရောက်ရောင်းချသည့် အမျိုးသမီးတစ်ဦးထံမှ သိရ သည်။
တင်စိုးလွင်