ခိုလမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၉၁)ဦး ဝင်ရောက်ဖြေဆိုမည်

ခိုလမ် ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၂ -၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုးအောင်ထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ခိုလမ်မြို့အတွင်းရှိ အ.ထ.က(ခိုလမ်)ကျောင်းတွင် ကျင်းပမည်ဖြစ်ရာ ပြင်ပဖြေဆိုသူ(၉၁)ဦးတို့က ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)