နမ့်စန်(တ) ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်သည့် လေပြင်းဘေးဒဏ်ပိုမိုခံနိုင်သော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်များရှင်းလင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နေ့လည် ၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ရှမ်းပြည်နယ်အတွင်း လေပြင်းဘေးဒဏ်ခံစားရမှုအခြေအနေ၊ ကြိုတင်ကာကွယ်ရေးစီမံချက် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်အခြေအနေများ၊ ရန်ပုံငွေရရှိ/သုံးစွဲမှုစာရင်း၊ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များဖွဲ့စည်း၍ လေပြင်းဒဏ်ကြောင့် အမိုး/အကာ/တိုင်များ ပြိုကျပျက်စီးသွား နိုင်သောနေအိမ် ၊ပြုပြင်မွမ်းမံရန် ငွေကြေးမတတ်နိုင်သောနေအိမ်နှင့် သက်ကြီးဘိုးဘွား/ အမျိုးသမီး ဦးဆောင်လျက်ရှိပြီး ပြင်ဆင်ရန် လိုအပ်လျှက်ရှိသည့်နေအိမ်များကို ပြုပြင် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများနှင့် အဆောက်အအုံများခံနိုင်စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ရပ်/ကျေးအုပ်ချုပ်ရေးမှူး များနှင့်စာရေးဝန်ထမ်းများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု (၂)ခု၊ ကျေးရွာ (၁၆)ရွာတို့မှ ပြုပြင်ထိန်းရန်လိုအပ်ကြောင်းတင်ပြထားသည့်နေအိမ် စုစုပေါင်း (၁၃၅)လုံး အတွက် စုစုပေါင်းငွေကျပ် (၅၄)သိန်းကျပ်ကို ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ကလက်ခံရယူခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)