ကျိုက်ထိုမြို့နယ် စာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူ(၆၇၅)ဦး ဝင်ရောက်ဖြေဆိုမည်

ကျိုက်ထို ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊‌ ကျောင်းသူ (၆၇၅) ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျိုက်ထိုမြိုနယ်၌ စာမေးပွဲကျင်းရာတွင် စာစစ်ဌာန(၄)ခုဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ကျိုက္ကသာ)၊ အခြေခံပညာအထက်တန်းကျောင်း(စစ်တောင်း)စာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကျိုက်ထိုမြို့နယ်၌ ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၁၁၂၂)ဦးရှိပြီး (၅၂၅)ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်းအ‌နေဖြင့် (၅၀.၉၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျိုက်ထို ပြန်/ဆက်