မာမီးခေါက်ဆွဲ စက်ရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ခြောက်လပြည့်ပြီးသူများအား SinoVac Booster ထိုးနှံပေး

မင်္ဂလာဒုံ ဖေဖော်ဝါရီလ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ​မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးလက်ကျန်းမာရေးဌာန၊ အပိုင်ရှိ  မာမီးခေါက်ဆွဲ စက်ရုံ၌ ယနေ့နံနက် (၉)နာရီအချိန်က စက်ရုံလုပ်သားများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျန်းမာပျော်ရွှင်စွာဖြင့် လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ခြောက်လပြည့်ပြီးသူများအား SinoVac Booster ထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာ ဒေါ်ဝင်းဝင်းမာ ခေါင်းဆောင်သော ကျန်းမာရေးအဖွဲ့များနှင့် စက်ရုံမှူးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြတ်မွန်ခင် (ပြန်/ ဆက်)