မိတ္ထီလာမြို့ စက်မှုဇုန်ရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းများဆောင်ရွက်

မိတ္ထီလာ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စက်မှုဇုန်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသိရသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စက်မှုဇုန်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၃၉၅.၂၁၃ သန်းဖြင့် စက်မှုဇုန်ဘုရားလမ်းရှိ ရေမြောင်းများတွင် အရှည် ပေ ၄၀ ၊ အကျယ်၅ပေ ၊ အမြင့် ၆ ပေရှိ Box Culvert (၅)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည် ၂၅ ပေ၊ အကျယ် ၁၀ ပေ ၊ အမြင့် ၁၂ ပေရှိ အုတ်ရိုးစီကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်း၊ အရှည်ပေ ၁၅၃၀ ၊ ထိပ်ဝအကျယ် ၆ ပေ၊ အောက်ခြေအကျယ် ၄ ပေ၊ အမြင့် ၄ ပေရှိ အုတ်ရေမြောင်းပြုပြင်ခြင်း၊ အရှည်ပေ ၂၂၅၀ ၊ ထိပ်ဝအကျယ် ၈ ပေ ၊ အောက်ခြေအကျယ် ၄ ပေ၊ အမြင့် ၆ ပေရှိ အုတ်ရေမြောင်းပြုပြင်ခြင်းနှင့် အရှည်ပေ ၃၃၆၀ ၊ အကျယ် ၅ ပေ၊ အနက် ၅ ပေရှိ မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION CO;LTD က တာဝန်ယူ၍ ဇန်နဝါရီလ ၁၇ ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ (၇၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါလုပ်ငန်းများပြီးစီးပါက ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး စက်မှုဇုန်မှထွက်ရှိသည့် ရေဆိုးများထုတ်လွှတ်ရာတွင် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်