ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော (11 KW) မီးစက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်း အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော (11 KW) မီးစက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌  ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မှ မီးစက်လှူဒါန်းခြင်းအတွက် အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော (11 KW) မီးစက်နှင့် ဆက်စပ်ပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ (ကိုယ်စား) မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါက်တာဦးဘထံသို့ လွှဲပြောင်းပေးအပ်ကာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါက်တာဦးဘက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော (11 KW) မီးစက်သည် DG 15LDE Diesel အမျိုးအစားဖြစ်ပြီး တန်ဖိုးငွေ(၁၄၃၁၀၀၀၀)ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး