ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်

ခိုလမ် ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကုတင်(၁၀၀) ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အသက် (၁)နှစ်ခွဲအောက် ကလေးများကို ဘီစီဂျီ၊အသည်းရောင်အသားဝါ (ဘီ)၊ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက် အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ် ရပ်ကွက်များရှိ ကလေးငယ်များအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)