မြစ်သားမြို့၌ ပြန်လည်စွန့်လွှတ်မြေများ မူလတောင်သူများထံ ပြန်လည်‌ပေးအပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ပြန်လည်စွန့်လွှတ်မြေများ၊ မူလတောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက သရက်ပင်ကံဆွယ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁) ဘက်စုံစိုက်ပျိုးရေး၊ မွေးမြူရေးခြံမှ သရက်ပင်ကံဆွယ်အုပ်စု၊ ပဲခင်းကြီးကျေးရွာမှ လယ်ယာလုပ်တောင်သူကြီးများထံ ပြန်လည်စွန့်လွှတ်မြေ (၃၃.၃၀)ဧက မြေနေရာကိုလည်းကောင်း၊ အေးသုခကျေးရွာမှ(၁၅.၀၀)ဧကမြေ  နေရာကိုလည်းကောင်း   မူလတောင်သူကြီးများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းစိုး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးသန်းထိုက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာခွဲများမှ ကျေးရွာတာဝန်ခံများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)