ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း (၅၃၂)ဦး ဝင်ရောက်ဖြေဆိုမည်

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၁)ခုမှ  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်(၅၃၂)ဦးတို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုရန်အတွက်  လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအဖြစ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲတွင် အတွဲ(၁)ဖြင့် ဖြေဆိုသူကျား(၁၃၀)ဦး၊ မ(၁၉၅)ဦး အတွဲ(၂)ဖြင့် ဝင်ရောက်ဖြေဆိုသူ ကျား(၁၄)ဦး၊ မ(၃၁)ဦး၊ အတွဲ (၇)ဖြင့် ဖြေဆိုသူ ကျား(၆၀)ဦး၊ မ(၁၀၂)ဦး၊ စုစုပေါင်းကျောင်းသား(၂၀၄)ဦး၊ ကျောင်းသူ(၃၂၈)ဦး စုစုပေါင်း(၅၃၂)ဦးတို့သည်  ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးမဉ္ဇူ (ပြန်/ဆက်)