မြေအောက်ရေကိုအသုံးပြုကာ မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ ပုံမှန်ဝင်ငွေရရှိကာအဆင်ပြေ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လဲဂွကျေးရွာတွင် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော မေမြို့ပန်းစိုက်ခင်းများအထူးကောင်မွန်ပြီး နုတ်ယူရောင်းချချိန်တွင် စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း လဲဂွကျေးရွာ မေမြို့ပန်း စိုက်ပျိုးရောင်းချသူ ဦးသန်းရွှေထံမှ သိရသည်။

မေမြို့ပန်းများကို နတ်တော်လတွင် စတင်ပျိုးထောင်ကာ၊ ပျိုးထောင်ပြီးအပင်ပေါက် ၃၀ ရက်သားအချိန်တွင် ပြောင်းရွှေ့စိုက်ပျိုးကြကြောင်း သိရသည်။ မေမြို့ပန်းအပင်ပေါက်များမပြောင်းရွှေ့မီ မိမိပြောင်းရွှေ့လိုသောမြေကွက်ကို ထွန်ယက်ထားပြီး အနံလေးပေခွဲ အလျားကိုးပေး အကန့်များပြုလုပ်ထားရှိရသည်။ စိုက်ျပျိုးရာတွင်လည်း အပင်ပေါက်များကို လေးလက်မပတ်လည်ထားကာ စိုက်ပျိုးကြရသည်။ စိုက်ပျိုးပြီသုံးလအကြာတွင် အဖူးအပွင့်များဖူးပွင့်ပြီး စတင်နုတ်ယူပြီးရောင်းချရကြောင်း သိရသည်။ လဲဂွကျေးရွာမှထွက်ရှိသော ပန်းများကို ကျေးရွာအတွင်းမှ စျေးသည်များက လာရောက်ဝယ်ယူကြသလို အချို့မှာလည်း မိမိကိုယ်တိုင်ကျောက်ပန်းတောင်းမြို့သို့သွား၍ ရောင်းချကြကြောင်းသိရသည်။ မေမြို့ပန်းကိုးရောင်ချရတွင် သုံးပင်ပါတစ်စည်းကို ၂၀၀ ကျပ် ရရှိသလို၊ လက်တစ်စုပ်အစည်းတစ်စည်းကို ၁၀၀၀ ကျပ်အထိ စျေးနှုန်းမှာကောင်းမွန်ပြီး၊ တစ်ရက်ချန်တစ်ခါနုတ်ယူရောင်းချလျှင် ပန်းအစည်းရေ ၁၀၀ မှ ၁၅၀ အထိရရှိကြောင်း လဲဂွကျေးရွာ မေမြို့ပန်းစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

P.W.A.